ပင်းတယ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှမ်းရပ်ကွက် " ပြည့်စုံ " စားသောက်ဆိုင် ဘိလီယက်ခုံ၌ လာမည့်နတ်တော်လဆန်း(၈)ရက် (၃၀.၁၁.၂၀၂၂)နေ့တွင် ကျရောက်မည့် ပဉ္စမအကြိမ်မြောက် "ဓနုအမျိုးနေ့" က ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလွတ်တန်း ဘိလက်ယက်စနူကာပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလွတ်တန်း စနူကာပြိုင်ပွဲတွင် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကျသည့် ဓနုတိုင်းရင်းသားလူငယ် (၆၀) ဦးတို့မှ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် မောင်ဇော်မျိုးအောင်(ခ)ပိုက်ပိုက်နှင့် ကိုသောင်းထွဋ်တို့မှ ယှဉ်ပြိုင်ခဲ့ကြရာ မောင်ဇော်မျိုးအောင် (ခ) ပိုက်ပိုက်က အနိုင်ရရှိဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ် (ဗဟို) ဥက္ကဋ္ဌ ဦးနေမျိုးကျော်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ "ပြည့်စုံ" စားသောက်ဆိုင် ဘိလီယက်ခုံပိုင်ရှင် ဦးဗညားနှင့်တာဝန်ရှိသူများက ပထမချန်ပီယံဆုရရှိခဲ့သည့် မောင်ဇော်မျိုးအောင်(ခ)ပိုက်ပိုက်အား ချန်ပီယံဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ်(၂)သိန်း၊ ဒုတိယဆုရရှိခဲ့သည့် ကိုသောင်းထွဋ်အား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းနှင့် တတိယဆုရရှိခဲ့သည့် မောင်ရွှေဖြိုးသန်းအား ဂုဏ်ပြုဆုငွေကျပ် (၅၀၀၀၀) တို့အား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင် အသက်အငယ်ဆုံး ကစားသမားဆုနှင့် ပြိုင်ပွဲတွင်ပထမ၊ ဒုတိယဆုရရှိခဲ့သူများကို ဦးမောင်မြင့်မှ အမှတ်တရဂုဏ်ပြုဆု လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)