တိုက်ကြီး နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို ရင်းတိုက်လေးပင်ကျေးရွာအုပ်စု၊ ရင်တိုက်လေးပင် ကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတွင် အခြေခံစက်ချုပ်သင် တန်းဆင်းပွဲ(၅/၂၀၂၂)ကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဥက္ကံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်တို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက အခြေခံစက်ချုပ်သင်တန်းတက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများကိုယ်စားသင်တန်းသူတစ်ဦးကို သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြဆရာမအား နည်းပညာထောက်ပံ့ကြေးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ(၂၅)ရက်နေ့မှ နိုဝင်ဘာလ(၂၃)ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့လည်း သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)