ချောင်းဆုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ပြည်သူများနှင့်တွေ့ဆုံ

ချောင်းဆုံ နိုဝင်ဘာ ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ကျေးရွာမှ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်  အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့က ကုလားတို့​​ကျေးရွာအုပ်စု ခလော့ကနိုင်းဘုန်း​တော်​ကြီး​ကျောင်းတွင် ပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်း တွေ့ဆုံရာတွင်  တာဝန်ရှိသူများက ကျေးလက်ပြည်နေသူများအား ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်ကဏ္ဍ ခြိုးခြံချွေတာ သုံးစွဲရေးလျှပ်စစ်အန္တရာယ်မဖြစ်ပေါ်ရေး၊ လမ်းတံတား ကဏ္ဍတိုးတက် ကောင်းမွန် စေရေး၊ သောက်သုံးရေဖူလုံစွာရရှိရေး လယ်ယာလုပ်ကိုင် ခွင့်ပုံစံ(၇)စာအုပ်ထုတ်ပေးခြင်းနှင့် ပတ်သက်၍  ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးခဲ့ရာ တက်ရောက်လာသည့် ကျေးရွာပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်နှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့် ဝန်ထမ်းများက အိမ်ထောင်စု စာရင်းပျက်စီးပျောက်ဆုံးသူ များအား အသစ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း မွေး/ကုဌာနမှ တိရစ္ဆာန်များအား ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျေးရွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်  ပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)