ဟိုပုံး နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မျိုးကောင်းမျိုးသန့်ဝက် (၁၅၀) ကောင်တိုးချဲ့မွေးမြူရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေချေးငွေ ကျပ်သိန်း (၃၀၀) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အတိုးနှုန်းသက်သာစွာဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဝက်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ရန် ချေးငွေများချေးပေးရခြင်းဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်းစည်းကမ်းချက်များနှင့်အညီ ဆောင်ရွ က်သွားကြရန်ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ကာလအတွင်း အရင်းအတိုးငွေများပြန်လည်ပေးဆပ်နိုင်ရန်၊ ဝက်မွေးမြူရေးလုပ်ငန်းတိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ဒေသတွင်းအသားစားသုံးမှုမြှင့်မားလာစေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းများပိုမိုရရှိလာစေရန်၊ မွေးမြူသူများဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် ဝက်(၁၅၀)ကောင်တိုးချဲ့မွေးမြူရန်အတွက် ချေးငွေများထုတ်ချေးပေးရခြင်းဖြစ် ကြောင်းပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှတဆင့် ထုတ်ချေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေချေးငွေကျပ်သိန်း(၃၀၀)ကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နမ့်ခုတ်ကျေးရွာ ဝက်မွေးမြူသူအစုအဖွဲ့ ကြီးကြပ်မှုကော်မတီထံသို့လွှဲပြောင်းပေး အပ်ခဲ့သည်။ ထို့နောက် နမ့်ခုတ်ကျေးရွာအစုအဖွဲ့ဝင် ဝက်မွေးမြူသူ တစ်ဦးမှကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ အဆိုပါနိုင်ငံစီးပွားမြှင့်တင်ရေးချေးငွေထုတ်ပေးရာတွင် အိမ်ထောင်စု (၁)စုလျှင် ဝက်(၅)ကောင် တိုးချဲ့မွေးမြူရန် ကျပ်(၁၀)သိန်းနှုန်းဖြင့် အိမ်ထောင်စု(၃၀)သို့ ငွေကျပ်သိန်း (၃၀၀) ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)