မိုးကုတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

မိုးကုတ်  နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကိုဗစ်‌-၁၉ရောဂါကာကွယ်ဆေးများကို အပတ်စဉ် ထိုးနှံပေးလျက်ရှိရာ ယမန်‌နေ့နံနက်(၉)နာရီအချိန်မှ  စတင်ကာ မိုးလုံလေလုံအားကစားခန်းမတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်၁၉‌-ရောဂါကာကွယ်ဆေးများကို အပတ်စဥ် အင်္ဂါနေ့နှင့် ကြာသာပတေးနေ့များတွင် အသက် ၅ နှစ်ပြည့်ပြီးနှင့် ၁၈နှစ်ကြား လူငယ်များအား ပထမအကြိမ်နှင့်ဒုတိယအကြိမ်၊ အသက်၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်နှင့်ဒုတိယအကြိမ်၊ တတိယအကြိမ် (ယခင်၂ လက်ထိုးပြီး ၆ လပြည့်သူ) စတုတ္ထအကြိမ် ၊( Booster တစ်ကြိမ်ထိုးပြီး ၆ လပြည့်သူ )၊  ဒုတိယမြောက် Booster dose များကို   ပတ္တမြားမြေအားကစားခန်းမ  (မိုးလုံလေလုံ ခန်းမ )နှင့်  ကျပ်ပြင် ပတ္တမြားရတနာခန်းမတို့တွင်  နံနက် (၉) နာရီမှနံနက် ( ၁၁း ၁၅)နာရီအတွင်း  ဆက်လက် ထိုးနှံပေးလျက်ရှိ‌‌ကြောင်း‌ မြို့နယ်ကိုဗစ်ကော်မတီထံမှ သိရသည်၊၊

နန်းခွာညိုနှင်း(ပြန်/ဆက် )