အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  (Community Center)ခန်းမတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
Dec 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဒီဇင်ဘာလ (၁၅) ရက်၊ နံနက်(၁၀)နာရီအချိန်က ဝန်ထမ်းများနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနားလည်လာစေရန်၊ ရုံးလုပ်ငန်းများ ကျွမ်းကျင်လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်နှင့် ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ် အထိမ်းအမှတ်အဖြစ် ကရင်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ကုသရေးဦးစီးဌာနတွင် အကူသူနာပြု (ပြင်ပ) (၉) လ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၀:၃၀ နာရီအချိန်က မြို့မ(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အမျိုးသမီးရေးရာအသင်းမှ ရေချိုးဆပ်ပြာရည် (Shower)ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 15,2022
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က ဝဲကြီးကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Dec 15,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် ကျောင်းသားအားကစားပွဲတော်ကို ၂၀၂၂ခုနှစ်၊  ဒီဇင်ဘာ လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း မြဝတီမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Dec 15,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု ပေါင်းဆည်ကျေးရွာအား ၂၀၂၂_၂၀၂၃ ဘဏ္ဍာနှစ် မြစိမ်းရောင်အသားကဏ္ဍကျေးရွာထူထောင်ခြင်းလုပ်ငန်းမှ နွားအကောင်ရေ(၅၀)အား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။