မိုင်းငေါ့ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Center)ခန်းမတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
စာအုပ်စာစောင်ပြပွဲတွင် စာကြည့်တိုက်မှူး ဒေါ်မို့မို့က လွတ်လပ်ရေးနေ့ကို အမှတ်ရစေရန်နှင့် စာပေကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့စာကြည့်တိုက်ရှိ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် စာအုပ်များ၊ သုတ၊ ရသစာအုပ်များဖြင့် စာအုပ်ပြပွဲကို ကျင်းပရာမန်လုံအ.မ.ကကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်ဆက်)