Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အလုံမြို့နယ် သာလွန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Nov 30,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက်ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် သာလွန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး Second Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုအားပေး
Nov 30,2022
ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည့်အတွက် ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် Hpa-an Silk Factory Soap ပိုးချည်မျှင်လုပ်ငန်းနှင့် ယားအူးရေချို ကရင်ငါးပိလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့ခြင်းများဆောင်ရွက်
Nov 30,2022
နေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်းအကျိုးအမြတ်များရရှိစေရန်၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန်၊ ဒေသတွင်းစားသုံးဆီဖူလုံနိုင်စေရန်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရန်တို့အတွက် ရည်ရွယ်၍ မိုးနေကြာမျိုးစေ့ထုတ် စိုက်ခင်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဘော်ကြိုကျေးရွာမှတောင်သူ ဒေါ်နန်းဌေး၏ ယာမြေတွင် စိုက်ပျိုးထားသော မိုးနေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့ခြင်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်းစွယ်တော်ဆောင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး Centre တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်ပုဂ္ဂလိက စက်မှုကုန်ကြမ်း (ဝါး) စိုက်ခင်းစိစစ် ထောက်ခံချက်ပြုရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း…
Nov 30,2022
နေပြည်တော် ပုဂ္ဂလိကစက်မှုကုန်ကြမ်း (ဝါး) စိုက်ခင်းစိစစ် ထောက်ခံချက်ပြုရေး ကော်မတီအဖွဲ့ဝင် များနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့တွင် မြို့နယ်အဆင့် လူရည်ချွန်အားကစားစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Nov 30,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် အားကစားစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး အုတ်ရှစ်ကုန်းကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံ
Nov 30,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်ရှစ်ကုန်းကျေးရွာအုပ်စုမှ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အုတ်ရှစ်ကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့ ကလေးစာဖတ်ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Nov 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.မ.က(မိုင်းယိုင်း)ကျောင်းတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူလူငယ်များအတွက် ယမန်နေ့နံနက်(၉)နာရီအချိန်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13432
Page
13433
Page
13434
Page
13435
Current page
13436
Page
13437
Page
13438
Page
13439
Page
13440
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department