ရမည်းသင်း ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ကုသရေးဦးစီးဌာနတွင် အကူသူနာပြု (ပြင်ပ) (၉) လ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုပ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဆေးရုံအုပ် ဒေါက်တာအိအိခင်မှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေနွေးကာ သင်တန်းတက်ရောက်မည့် သင်တန်သား/သူများမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြ သည်။
အဆိုပါ အကူသူနာပြု (ပြင်ပ) (၉)လ သင်တန်တွင် သင်တန်းသား/သူ (၁၃)ဦး၊ တက်ရောက်ပြီး သင်တန်းကာလ(၉)လစာ တွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)