ထန်ပါခွေ ဒီဇင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဒီဇင်ဘာလ (၁၅) ရက်၊ နံနက်(၁၀)နာရီအချိန်က ဝန်ထမ်းများနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနားလည်လာစေရန်၊ ရုံးလုပ်ငန်းများ ကျွမ်းကျင်လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်နှင့် ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဦးဟန်မျိုးထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ ခွင့်အမျိုးအစားများနှင့် ပင်စင်အမျိုးအစားများ၊ ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ရုံးလုပ်ငန်းအကြောင်း အရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ရုပ်သံ ကျွမ်းကျင်-၃ ဒေါ်နှင်းနှင်းထိုက်က နိုင်ငံ့ဝန်ထမ်းဥပဒေစာအုပ်ပါ ဝန်ထမ်းများ လိုက်နာရန် တာဝန်(၁၂)ချက်ကို လည်းကောင်း၊ အငယ်တန်းစာရေး ဦးအလန်က ပင်စင်အမျိုးအစား၊ ခွင့်အမျိုးအစားနှင့် ဝန်ထမ်းကျင့်ဝတ်နှင့် လုပ်ငန်းခွင်စည်းကမ်းများကို လိုက်နာရခြင်း အချက်များကို လည်းကောင်း ဖတ်ကြားပြီး မြို့ဦးစီးမှူး ဦးဟန်မျိုးထွန်းက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)