ညောင်လေးပင် ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၀:၃၀ နာရီအချိန်က မြို့မ(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အမျိုးသမီးရေးရာအသင်းမှ ရေချိုးဆပ်ပြာရည် (Shower)ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မွန်းမှ ရေချိုးဆပ်ပြာရည်ပြုလုပ်ရာတွင် ပါဝင်သော ပါဝင်ပစ္စည်းများအားရှင်းပြပြီး ပြုလုပ်ပုံအဆင့်ဆင့်အား ဆက်လက်ရှင်းပြရာ ပါဝင်ပစ္စည်းတစ်ခုထည့်ပြီးတိုင်း ရေဖြင့် ၁၅ မိနစ်ခန့် မွှေပေးရန်နှင့် အခြားပြုလုပ်ပုံအဆင့်ဆင့်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့မ(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသူ ရပ်ကွက်သူရပ်ကွက်သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)