အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်မှတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ (၇)မိုင်ရွှေပြည်စိုးကျေးရွာအုပ်စု၊ သောင်ဖြူကျေးရွာရှိ တိုးတက်အောင်‌ရေငန်ပုစွန်မွေး‌မြူထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ကြက်မွေးမြူရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ  သွားရောက်ကြည့်ရှုခဲ့သည်။
Feb 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံနေကြာစိုက်တောင်သူများ စိုက်ပျိုးထားသော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
Feb 22,2026
မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် လေပြင်ဘေးဒဏ်ခံနိုင်ရည်မရှိသော နေအိမ်များ အားဖြည့်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
Feb 22,2026
နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ Community Centre ခန်းမတွင် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
Feb 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီကာလအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားမပေါ်‌ပေါက်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ မွန်းလွဲပိုင်းက‌ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 22,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 21,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက  အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။
Feb 21,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မြို့လုံးကျွတ်  အမှိုက်ကင်းစင်သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက်များ စုပေါင်းရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။