Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၌ (၃၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Feb 22,2026
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၃၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလောခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 22,2026
ရှမ်းပြည်နယ်တောင်ပိုင်း ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ကချင်ပြည်နယ်အတွင်းရှိ အသင်းဝင်စေတနာ့ဝန်ထမ်းများအား MNCH & Data Training for Volunteer သင်တန်းဖွ…
Feb 22,2026
မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ကချင်ပြည်နယ်အတွင်းရှိ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် စေတနာ့ဝန်ထမ်းများအား High Impact Maternal, Newborn and Child Health Project (HI-MNCH) စီမံချက်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ Hotel MEDIRA အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား တက…
Feb 22,2026
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြပြီး စစ်တွေမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်…
Feb 22,2026
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်မြို့နယ်၊ အင်ပင်တိုက်နယ်ရှိ ဒေသခံပြည်သူများအား ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်၊မြို့နယ်သမဝါယမအသင်းစုပိုင်ဘက်စုံခြံရှိ ငါးမွေးမြူရေးကန်ရှင်းလင်းမှုနှင့် ရုရှားနေကြာစိုက်ပျိုးထားမှုအား ကွင်းဆင်းကြည့်ရှု
Feb 22,2026
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစုပိုင် ဘက်စုံခြံတွင် ငါးမွေးမြူရေးကန်ပတ်လမ်းနှင့် ငါးကန်ရှင်းလင်းဖော်ဆောင်ထားမှုနှင့် ရုရှားနေကြာ(Makhaon၊ Vulkan၊ Ippolit )များ ပန်းပွင့်ကာလဖြစ်သည့်အတွက် ပျားပုံးများချထားမှုအခြေအနေများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG) မှ ကြီးမှူးကျင်းပသော ကချင်မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးန…
Feb 22,2026
မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG) ကြီးမှူး၍ အမျိုးသမီးကော်မတီနှင့် လူငယ်ကော်မတီများက ပထမဆုံးအကြိမ်အဖြစ် ဦးစီးကျင်းပသော ကချင်တိုင်းရင်းသားမျိုးနွယ်စုများအလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးနှောဖလှယ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးချီးမြှင့်သည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်ရှိ စိုက်ပျိုးရေးဆေးဆိုင်များအား တရားမဝင်ပိုးသတ်ဆေးများ စစ်ဆေး၍ ငါးဖမ်းရာတွင် အသုံးပြုသည့် ဆေးများ စိစစ်ရောင်းချရေးအသိပေး
Feb 22,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များအား တရားမဝင်ပိုးသတ်ဆေးများရောင်းချမှု ရှိ/မရှိစစ်ဆေး၍ ငါးဖမ်းရာတွင် အသုံးပြုသည့်ဆေးများ စိစစ်ရောင်းချရေးအသိပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က စတင်ကာ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ကွင်းဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1337
Page
1338
Page
1339
Page
1340
Current page
1341
Page
1342
Page
1343
Page
1344
Page
1345
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department