တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့ရှိ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ကော့သောင်း ဖေဖော်ဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်မှတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ (၇)မိုင်ရွှေပြည်စိုးကျေးရွာအုပ်စု၊ သောင်ဖြူကျေးရွာရှိ တိုးတက်အောင်‌ရေငန်ပုစွန်မွေး‌မြူထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ကြက်မွေးမြူရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ  သွားရောက်ကြည့်ရှုခဲ့သည်။

ထိုသို့သွားရောက်ကြည့်ရှုရာတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကော့သောင်း‌မြို့နေ ပြည်သူများအတွက် ဒေသတွင်းစားသုံးမှုဖူလုံနိုင်ရေးအတွက် ဥစားကြက် စနစ်တကျ မွေးမြူရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းရမည့် ကြက်ဥများအား အရွယ်အစားအလိုက် စိစစ်ရွေးချယ်ခြင်းဆောင်ရွက်နေမှုများ၊ ကြက်မွေး‌မြူရေးလုပ်ငန်းမှ ထွက်ပေါ်လာသည့် မစင်များ အလေအလွင့်မရှိစေရေး Bio Gass ဓာတ်ငွေ့ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းအတွက်လိုအပ်သည့် လျှပ်စစ်နှင့် သဘာဝမြေဩဇာများ ပြန်လည်ရရှိရေး ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(တနင်္သာရီတိုင်းဒေသကြီး)မှ လုပ်ငန်းခွင့်ပြုရန်ပုံငွေကျပ် (၃၄၁.၀၀၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာမှ သောင်ဖြူ-ချောင်းစလန်း-ရေငန်းရှိုင်-ယမုံနာကျေးရွာသွားလမ်းအား လမ်းအရှည် (၀.၇၇၅Km) လမ်းအကျယ် (‌၃.၆၆m)ထု (၁၇၅mm)ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအားကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ပြီး ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်ရှိ၊ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးသစ် ပေ၃၀၊ပေ၆၀ RC (၃) ထပ် အဆောက်ဦ အပြီးသတ်ဆောင်ရွက်ပြီးစီမှုလုပ်ငန်းအခြေအနေများ သွားရောက်ကြည့်ရှု၍ ဥပဒေရုံးသစ်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)