တပ်ကုန်း ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခဲ့ပြီး ထုံးဖိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ ကျောင်းဆောင်တစ်ဆောင်လည်း အမိုးလန် ပျက်စီးခဲ့ ကြောင်း၊ လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
တင်စိုးလွင်