ကော့မှူးမြို့တွင် ဆောင်းသီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကော့မှူး ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံနေကြာစိုက်တောင်သူများ စိုက်ပျိုးထားသော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။

ကော့မှူးမြို့နယ်တွင် ဆီထွက်သီးနှံနေကြာကို ယခင်က စိုက်ပျိုးသူနည်းပါးသော်လည်း ယခုအခါ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့်‌ နေကြာသည် အခြားဆီထွက်သီးနှံများ စိုက်ပျိုးခြင်းထက် နေကြာသီးနှံသည် ဂရုတစိုက်ဆောင်ရွက်ရခြင်းမျိုးမဟုတ်ဘဲ ထွန်ယက်စိုက်ပျိုးရပြီး လူနှင့် လုပ်အားခအရင်းအနှီးများစွာ မကုန်ကျ၍ ဈေးကောင်းရလျှင် ဒေသခံတောင်သူများ ဝင်ငွေကောင်းမွန်ခြင်းတို့ကြောင့် ဆီထွက်သီးနှံနေကြာကို စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း အထွက်နှုန်းတိုးတက်စေရန်နှင့် အရည်အသွေးကောင်းမွန်စေရန်အတွက် ရေဆင်း-၁ စပ်မျိုး နေကြာမျိုးကောင်းမျိုးသန့်များကို တောင်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ်ဆောင်းနေကြာကို ကော့မှူးမြို့နယ်အတွင်းရှိ မဝန်းကျေးရွာ၊ ထန်းတစ်ပင်ကျေးရွာ၊ ခရိုက်က္ခနိ စုစုပေါင်းဧက (၄၁၈)ဧက စိုက်ပျိုးထားရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာနှင့် သွင်းအားစုများ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)