Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ လူထုကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲကျင်းပ
Feb 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူထုကျန်းမာရေးလုပ်သားသင်တန်းအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ သင်ကြားပို့ချခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက သီတဂူမိဘမဲ့ကလေးကျောင်းမှ ကလေးများနှင့် သီလရှင်စာသ…
Feb 28,2026
ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်လဖိုင်နန်ဆိုင်းနှင့်အဖွဲ့ဝင်များသည် သီတဂူမိဘမဲ့ကလေးကျောင်းမှ ကလေးများနှင့် သာသနဟိတကာရီ သီလရှင်ကျောင်းတိုက်မှ စာသင်သီလရှင်များအား ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများကို ယမန်နေ့မွန်းလွဲ (၂)နာရီခွဲက သွားရောက်ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပညာရေးဒီဂရီကောလိပ်၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်စကားဝိုင်းကျင်းပ
Feb 28,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကင်းမြို့နယ် ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၂း၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (Grade-5)နှင့် (Grade-9) နှစ်ဆုံးစာမေးပွဲများ ဆက်လက်ဖြေဆို
Feb 28,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအတန်းများ Grade-5 လူမှုရေးဘာသာနှင့် Grade-9 သမိုင်းဘာသာတို့ကို ယမန်နေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်လှစ်ပို့ချ
Feb 28,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနား မြို့မဈေး၌ မီးဘေးလုံခြုံရေးစစ်ဆေး
Feb 28,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ကွင်းဆင်းအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သီဟ ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်၊ ပျဉ်းမနားမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်သူရကျော်နှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များသည် ပျဉ်းမနားမြို့မဈေးတာဝန်ခံတို့နှင့်အတူ ဈေးအတွင်း/အပြင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဈေးသူဈေးသားများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လမ်းကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီခရိုင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် အောင်မြင်ရေးတွေ့ဆုံဆွေးနွေး
Feb 28,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပဲခူးတိုင်းဒေသကြီးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် သာယာဝတီခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနနှင့်ဦးစီးဌာန၏ မူဝါဒများရည်မှန်းချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် ရုံးလုပ်ငန်းများ အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့၌ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ ကျင်းပ
Feb 28,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ Hill Top Villa Hotel ၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1336
Page
1337
Page
1338
Page
1339
Current page
1340
Page
1341
Page
1342
Page
1343
Page
1344
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department