ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် ဆေးရောင်းခြယ်ပြိုင်ပွဲ ကျင်းပ

ဝမ်းတွင်း ဖေဖော်ဝါရီ ၂၂

နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ Community Centre ခန်းမတွင် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်များတွင် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အနေဖြင့် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်စေရန်၊ နွေရာသီ အားလပ်ရက်များတွင် ပြင်ပဗဟုသုတ၊ အသိပညာ အတတ်ပညာများ တိုးပွားစေရန် စသည့်ကောင်းမွန်တဲ့ ရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုကျင်းပခဲ့ရာ ဆုရရှိသူများကို ဦးစီးအရာရှိနှင့် ဆရာမတို့က အမှတ်တရလက်ဆောင်နှင့် ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေလွန်းပျံ (ပြန်/ဆက်)