အမြို့မြို့အနယ်နယ်သတင်းများ

Feb 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြုမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၊ နယ်​မြေခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
Feb 21,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေဘိုတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော အကြမ်းဖက်မှုကြိုတင်ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်၌ ရွှေဘိုတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 21,2026
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။
Feb 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စည်းရုံးရေးကော်မတီနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့၏ ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 21,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီကာလအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားမပေါ်‌ပေါက်စေရေး၊ မီးဘေးအန္တရာယ်ဘ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့မွန်းလွဲပိုင်းက‌ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 21,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဖေ‌ဖော်ဝါရီလအတွက် ပင်စင်လစာငွေများကို ဖေ‌ဖော်ဝါရီ ၂၁ ရက် နံနက် ၅ နာရီအချိန်ကစတင် ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက် ထုတ်ယူရာတွင် အခက်အခဲမရှိလွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ် ဆောင်ရွက်ပေးလျက်ရှိသည်။ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်းများကို လစဉ် ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ‌  အငြိမ်းစားများအား နံနက် ၆ နာရီမှစ၍ ထုတ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။