Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးခြင်းများကို ဖြူးမြို့နယ်၊ ဒိုင်းတရာ(၁) မူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်
Jun 19,2025
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသားလူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာပေးခြင်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ အခြေခံပညာကျောင်းများတွင်ဆောင်ရွက်နေလျက်ရှိရာ ဇွန်လ ၁၇ ရက်နေ့မွန်းလွဲပိုင်းက ဒိုင်းတရာကျေးရွာအုပ်စု၊ ဒိုင်းတရာ(၁) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့၌ “အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲ” ကျင်းပ
Jun 19,2025
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်း(ပေါက်ခေါင်း)နှင့် မြို့ဈေးတို့၌ “အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲ” ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် သတ်မှတ်အမှိုက် အမျိုးအစားအလိုက်ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးနှင့်သရုပ်ပြသခြင်းများဆောင်ရွက်
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် သတ်မှန်အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းကို ယနေ့နေ့လယ် (၁၂: ၃၀) အချိန်က မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သူနာပြုတက္ကသိုလ်-(မန္တလေး)၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 19,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ သူနာပြုတက္ကသိုလ် (မန္တလေး)၏ တက္ကသိုလ်ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံတက္ကသိုလ်၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jun 19,2025
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရုံးအဖွဲ့များမှ ဝန်ထမ်းများတက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စဉ်ဆက်မပျက် ကြပ်မတ်စစ်ဆေး
Jun 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့နံနက် ၉ နာရီ အချိန်က ကွက်ပြင်ကျေးရွာအုပ်စု၊ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆို
Jun 19,2025
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် (၂၀၂၅)ခုနှစ်တွင် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြို့နယ်ရှိစာစစ်ဌာန(၂)ခုတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်နှင့် အချိုရည်ဘူးများ ဝေငှပေး
Jun 19,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဌာနမှ အာဟာရမုန့်နှင့် အချိုရည်ဗူးများကို ယနေ့မွန်းတည့် (၁၂)နာရီက ဝေငှပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1342
Page
1343
Page
1344
Page
1345
Current page
1346
Page
1347
Page
1348
Page
1349
Page
1350
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department