အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့သန့်ရှင်းသာယာရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ သန့်ရှင်းရေးများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၇)နာရီက ရွှေတိဂုံဖူးမြော်စေတီ အတွင်းအပြင်နှင့် လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
Feb 22,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယ​မန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
Feb 22,2026
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပခဲ့ရာတွင် မဲဆန္ဒရှင်အင်အား (၅၀) ရာခိုင်နှုန်းနှင့်အထက် မဲပေးခဲ့သည့် ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက်မဲရုံများအား တစ်ရုံလျှင် (၁) သိန်းကျပ်နှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဲရုံ (၁၀၀) ရုံအတွက် ငွေကျပ်သိန်း (၁၀၀) အား ချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 22,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ စက်သုံးဆီဝယ်ယူရာတွင် သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ စက်သုံးဆီရောင်းချနေသော ဆီဆိုင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသောရည်ညွှန်းစျေးများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ယခုနွေရာသီကာလအတွင်း မီးဘေးလုံခြုံရေးနှင့် ဆိုင်ပတ်ဝန်းကျင်၌ မီးတားလမ်းများ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 22,2026
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု၊ မုန်းလိုက်ကျေးရွာ၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီက အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 22,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးတို့အတွက် ကျေးလက်နေပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြှင့်မားလာစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့သည် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက နမ့်လွတ်ကျေးရွာအုပ်စုရှိ နမ့်ယွမ်းချောင်းကူးကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 22,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် (၆) မင်းတဲရပ်ကွက်ရှိ ပါမောက္ခ ဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ)ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။
Feb 22,2026
ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် ကာလိမြို့ မီးသတ်ဦးစီးဌာနမှ ကာလိမြို့ ပေါ်ရပ်ကွက်အတွင်း မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။