အမြို့မြို့အနယ်နယ်သတင်းများ

Dec 03,2022
ပြည်တွင်း၌စားသုံးဆီ အလုံအလောက်ထုတ်လုပ်နိုင်ရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဒေသရာသီဥတုနှင့်ကိုက်ညီသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် စိုက်ဧကများတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Dec 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
Dec 03,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများဆိုင်ရာအခွင့်အရေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Dec 03,2022
မလှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီအချိန်တွင် မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုရပ်မှ မြို့မအားကစားကွင်း အထိ အသွား/ အပြန် စုပေါင်လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
Dec 03,2022
ရန်ကုန်တိုင်း​ဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ (ပထမပတ်) စု​ပေါင်းလူထုလမ်း​လျှောက်ပွဲကို ယ​နေ့နံနက် ၅ နာရီအချိန်က မြို့နယ်အုပ်ချုပ်​ရေးမှူးရုံး၏ စီစဉ်ဦး​ဆောင်မှုဖြင့်ဘိုရပ်ကွက်၊ ကျောင်းကြီးလမ်းမှ စတင်၍ စု​ပေါင်းလမ်း​လျှောက်ခဲ့​ကြောင်း သိရသည်။
Dec 03,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာရေးဆရာ ချမ်းမြေ့အေး၏ စာပေခရီးနှင့်အ‌တွေ့အကြုံများမျှဝေသည့် ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၉)နာရီတွင် လူထုအခြေုပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 03,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူအသိပညာပေး (Talk Show) ကိုယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
Dec 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ရေပေါ်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မရုံတွင် ရေပေါ်ကန်ကျေးရွာ၊ ရှမ်းစု‌ကျေးရွာ၊ နံယော‌ကျေးရွာ၊ သခွပ်ကုန်း ကျေးရွာရှိ ပြည်သူလူထုနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။