သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်

သုံးခွ ဒီဇင်ဘာ ၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူအသိပညာပေး (Talk Show) ကိုယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး  စားသုံးသူရေးရာဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်မှ စားသုံးသူရေးရာနှင့်ပက်သက်၍ ကုန်စည်(သို့မဟုတ်) ၀န်ဆောင်မှုတွေကို တိုက်ရိုက်၀ယ်ယူသုံးစွဲတဲ့ စားသုံးသူတွေအတွက် နစ်နာဆုံးရှုံးမှုမဖြစ်အောင် အကာအကွယ်ပေးထားတဲ့ ဥပဒေရှိသလို စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ဥပဒေပါ စည်းကမ်းချက်များနှင့်အညီ ကုန်စည်တွေကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ပါကြောင်း၊ စားသုံးသူတွေဟာ ကုန်ပစ္စည်းတစ်ခုခုကို ၀ယ်ယူပါက ကုန်အညွှန်းအမှတ်အသားမှာ ပါ၀င်ရမဲ့အချက်တွေထဲက ကုန်စည်၏ အမျိုးအမည် ၊အရွယ်အစား၊အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်‌ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တန်းကုန် ဆုံးရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်နဲ့ FDA ထောက်ခံချက်တို့ကို ကြည့်ရူ့စစ်ဆေးပြီး ၀ယ်ယူရပါကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေဟာ ကျယ်ပြန့်တဲ့အတွက် လက်ရှိမှာတော့ အတိုင်းအတာတစ်ခုထိ အောင်မြင်နေပြီဖြစ်ပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံရဲ့ လူနေမှုစနစ်နဲ့ မိသားစု၀င်ငွေမတူညီတဲ့ အချက်တွေရှိနေတာကြောင့် ဥပဒေကို ပိုမိုလွှမ်းခြုံနိုင်ဖို့ဆိုတာ ရေရှည်သွားရမှာဖြစ်ပါကြောင်း စသည်ဖြင့်‌ပြောကြားခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များတွင် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် Online Talk Show များဖြင့် အသိပညာပေး လုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်