စလင်း ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများဆိုင်ရာအခွင့်အရေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်ခိုင်မြင့်က (Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မသန်စွမ်းသူများဆိုင်ရာ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်လင်းအား မသန်စွမ်းသူများဆိုင်ရာမေးခွန်းများကို ဆွေးနွေးမေးမြန်းရာ ဒေါ်ခိုင်ခိုင်လင်းက မသန်စွမ်းသူများနေ့ဖြစ်ပေါ်လာပုံနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေများ တားမြစ်ချက်များနှင့်ပြစ်မှုများ၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းမြှင့်တင်ရေးအတွက် ဆောင်ရွက်နေမှု ပူးပေါင်းပါဝင်ဆောင်ရွက်ချက်များ မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အခွင့်အရေးများ၊ မြန်မာနိုင်ငံတွင်မသန်စွမ်းသူများအတွက် ပြုစုစောင့်ရှောက်ပေးနေမှုများ၊ မသန်စွမ်းသူများအနေဖြင့် မိမိကိုယ်ကိုကာကွယ်ရမည့်အချက်များကို (Online) မှတဆင့် အသ်ပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
မောင်လွင် (ပြန်/ ဆက်)