အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသား/သူ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူ‌ပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) က ဘားအံမြို့ အ-ထ-က(၄) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်  ၁၀  နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်‌ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 02,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် ဗမာကြက် မွေးမြူလျက်ရှိသည်။
Dec 02,2022
ဝေါမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက  ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ ပညာရေးမှူးရုံးနှင့်သမဝါယမဦးစီးဌာနသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
Dec 02,2022
နေပြည်တော်၊ မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံတွင်ကျင်းပခဲ့သော ၂၀၂၃ ခုနှစ် (၇၅)နှစ် မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပဒေသာကပွဲတွင် သွားရောက်ဖျော်ဖြေတင်ဆက်ခဲ့သော ရွှေတံဆိပ်ဆုရှင် ဒုံရောင်ဖူးကျော်ဇာတ်အဖွဲ့သည် နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြန်လည်ကပြ ဖျော်ဖြေတင်ဆက်ကြရာ ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။
Dec 02,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက်၁၈နှစ် အထက်များအား Myancopharn ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံပေးပြီး၊ အသက်၁၅နှစ်မှ ၁၈နှစ်အထိ ကျောင်းပြင်ပကလေးများအား Sinopharm ကာကွယ်ဆေးများကို ယနေ့ နံနက် ၀၉:၀၀ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မယ်လမုသာသနာ့ ဗိမာန်တော်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန် မြှင့်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Dec 02,2022
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ ဒီဇင်ဘာလ(၅)ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။