မလှိုင် ဒီဇင်ဘာ ၃
မလှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီအချိန်တွင် မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုရပ်မှ မြို့မအားကစားကွင်း အထိ အသွား/ အပြန် စုပေါင်လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ဆရာ/ မများနှင့် ကျောင်းသား/ သူများ၊ ဘော်ဒါ ဆောင်များမှ ဆရာ/ မများနှင့် ကျောင်းသား/ သူများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ မ များနှင့် ကျောင်းသား/ သူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၈၂၉) ဦးခန့် စုပေါင်းလမ်းလျှေက်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ မြို့မအားကစားကွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးသွေးပူလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
စုပေါင်းလမ်းလျှောက်ပွဲကို မလှိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့စုရပ်မှ မီးပွိုင့်လမ်းဆုံ၊ ထိုမှတဆင့် မိတ္ထီလာ-မြင်းခြံလမ်းမကြီးတစ်လျှောက် မြို့မအားကစားကွင်းအထိ အသွားအပြန် (၂)မိုင်ခရီးကို စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)