ကြည့်မြင်တိုင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ (ပထမပတ်) စု​ပေါင်းလူထုလမ်း​လျှောက်ပွဲကျင်းပ

ကြည့်မြင်တိုင်  ဒီဇင်ဘာ  ၃

ရန်ကုန်တိုင်း​ဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ (ပထမပတ်) စု​ပေါင်းလူထုလမ်း​လျှောက်ပွဲကို ယ​နေ့နံနက် ၅ နာရီအချိန်က မြို့နယ်အုပ်ချုပ်​ရေးမှူးရုံး၏ စီစဉ်ဦး​ဆောင်မှုဖြင့်ဘိုရပ်ကွက်၊ ကျောင်းကြီးလမ်းမှ စတင်၍ စု​ပေါင်းလမ်း​လျှောက်ခဲ့​ကြောင်း သိရသည်။

ထို့​နောက် စု​ပေါင်းလမ်း​လျှောက်ခြင်းကို ကျောင်းကြီးလမ်း၊ အထက်ကြည့်မြင်တိုင်လမ်း၊ ဗားကရာလမ်း၊ ကမ်းနားလမ်း၊ ကျောင်းကြီးလမ်းမှတဆင့် သတ်မှတ်စုရပ်သို့ ပြန်လည်ဝင်ရောက်ကာ စုပေါင်းသွေးပူလေ့ကျင့်ခန်းပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲတွင် ကြည့်မြင်တိုင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အားကစားဝါသနာပါသူ လူငယ်များ၊ ပြည်သူများ စုစု​ပေါင်း ၁၅၀ ဦး​ကျော်တို့က ပါဝင်ဆင်နွှဲခဲ့​ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)