လားရှိုး ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်အေးအေးဝင်းက ကလေးသူငယ်ဖြစ်ရပ် စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့်လုပ်ငန်းများ၊ ကော်မတီအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား အသေးစိတ်ရှင်းလင်းတင်ပြရာ အစည်း အဝေးတက်ရောက်လာသော ကော်မတီဝင်များက တစ်ဦးချင်းအကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး (ပြန်/ ဆက်)