မန္တလေး ဒီဇင်ဘာ ၃
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာရေးဆရာ ချမ်းမြေ့အေး၏ စာပေခရီးနှင့်အတွေ့အကြုံများမျှဝေသည့် ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၉)နာရီတွင် လူထုအခြေုပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲ(Talk Show)ကို မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ ချမ်းမြေ့အေးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ဆရာချမ်းမြေ့အေးက မိမိသည်နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်ပါကြောင်း၊ မူလကလောင်အမည်မှာ ကျည်ပွေ့ဖြစ်ပါကြောင်း၊ အသက်ကြီးမှ စာတတ်သည့်ဦးကျည်ပွေ့ကို အားကျပြီး ကလောင်အမည်ယူခဲ့သော်လည်း နောင်သောအခါ ချမ်းမြေ့အေးမြစေရန်အတွက် ချမ်းမြေ့အေးဟု ပြောင်းလဲခဲ့ပါကြောင်း၊ မိမိတိုင်းပြည် မိမိလူမျိုး မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဆောင်းပါးများကို အစဉ်တစိုက်ရေးသားခဲ့ပါကြောင်း၊ မန္တလေးမြို့၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများ၊ မြို့၏ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် အပြုသဘောဆောင်သည့် ဆောင်းပါးများကို ရေးသားလျက်ရှိပါကြောင်း၊ ယခုလူငယ်များကိုလည်း ဖုန်းကြည့်ရုံဖြင့်အချိန်မကုန်စေဘဲ စာအုပ်စာပေများကို လေ့လာမှတ်သားကာ မိမိမြို့ရွာအတွက် အထောက်အပံ့ဖြစ်စေမည့် စာကောင်းပေမွန်များ ဖန်တီးရေးသားကြစေလိုကြောင်း၊ မိမိနေထိုင်ရာဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိမြို့ရွာသာယာလှပစေရေးအတွက် အကျိုးပြုဆောင်းပါးများရေးသားကြစေလိုကြောင်း အစရှိသည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ ဆက်