ပလောက်မြို့တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်

ပလောက်   ဒီဇင်ဘာ  ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကိုယနေ့နံနက် (၉)နာရီအချိန်က ပလောက်မြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို ပလောက်တိုက်နယ်ကျန်းမာရေးဌာနမှ ဒေါ်အိအိလွင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန် တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အသက် (၈)လမှ အသက်(၃) နှစ်အထိ ကလေးသူငယ်များကိုဆုံဆို့ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်သားအဝါ (ဘီ)၊ ဦးနှောက် အမြှေးရောင်ရောဂါစသည့် ငါးမျိုးစပ် ကာကွယ်ဆေးများကို သတ်မှတ်အကြိမ်တိုင် းထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)