ကျောက်ဆည်မြို့နယ် အိမ်ထောင်စု (၁၃၂) စု လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကုန်းသာကျေးရွာတွင် လမ်းများကွန်ကရစ်ခင်းပေး

ကျောက်ဆည် ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု (၁၃၂) စု လူမှဘဝဖွံ့ဖြိုးတိုးတက်ရေး ကုန်းသာကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာနှစ်တွင် (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်သဖြင့် လူမှုဘဝမျာ းပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းရာတွင် လမ်းအရည်အသွေးကောင်းမွန်ရေး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ပြီး ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီမှ တာဝန်ယူကာ နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၁၀၀)၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား (၅၃) သိန်း ကျပ်ဖြင့် အရှည် (၆၆၅) ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်များ ခင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးမှုကြောင့် ကုန်းသာကျေးရွာမှ အိမ်ခြေ(၁၃၂)အိမ်၊ အိမ်ထောင်စု(၁၃၂)စုတို့မှ လူဦးရေ(၅၅၉)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)