လိပ်သို ဒီဇင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ်လေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးစောဝေါ်ကွောထူးက မူးယစ်ဆေးစွဲလက္ခဏာများအကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ လူငယ်လူရွယ် များ အလွဲသုံးရာမှ စွဲစေတတ်သည့် ဆေးဝါးများအကြောင်း၊ ဘိန်းအမျိုးအစားများ၊ စိတ်ကြွဆေး ပုံစံအမျိုးမျိုးအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့်ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများကို ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပြီးနောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးနံရံကပ်စာစောင် များကို ပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် နေ့ထူးနေ့မြတ်ဆိုင်ရာ အကြောင်းအရာများ၊ အလုပ်အကိုင်အခွင့်အလမ်းကြော်ငြာများနှင့် ဒေသနှင့်လျော်ညီသည့် အသိပညာပေး အကြောင်းအရာများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)