ပေါက်တောမြို့၌ မွေးစမှအသက်တစ်နှစ်အောက်ကလေးများ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ပေါက်တော ဒီဇင်ဘာ ၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့ပေါ် (၅) ရပ်ကွက်အတွင်းရှိ မွေးစမှ အသက်တစ်နှစ်အောက် မွေးကင်းစကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိ​သည်။

ထိုသို့ပုံမှန်ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ပေါက်တော မြို့ပေါ် (၅) ရပ်ကွက်မှ မွေးစမှ အသက်တစ်နှစ်အောက် ကလေးများအား ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့- ကြက်ညှာ- မေးခိုင်- အသည်းရောင်အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက် -ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးရက်များအလိုက် ကာကွယ်ဆေးများ ပုံမှန်ထိုးနှံ/ တိုက်ကျွေးခြင်းနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ အကြိမ်ရေအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)