ချောင်းဆုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုဝင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းထောက်ပံ့ပေးအပ်

ချောင်းဆုံ ဒီဇင်ဘာ ၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တိုးချဲ့ရပ်ကွက် အကွက်အမှတ်(၄)၌ ဒီဇင်ဘာ (၃)ရက်နေ့က မီးလောင်မှုကြောင့် နေအိမ်(၁)လုံးပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါနေအိမ် အိမ်ထောင်စုဝင်အား ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် (၁၁)နာရီက မီးဘေးသင့်ပြည်သူထံ သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ချောင်းဆုံတိုးချဲ့ရပ်ကွက် အကွက်အမှတ်(၄) ဒေါ်သူဇာဦး၏ (၁၅x၁၅x၁၀)ပေ ဓနိဖက်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်မှာ မီးလောင်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁)သိန်း၊ လူဦးရေ(၃)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၆၃၀ဝိ/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ(၁၀၆၃၀ဝိ/)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၁)ပုံးအား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် မြို့နယ်(ဘေး/စီမံ)ဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)