Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ပန်းတောင်းမြို့နယ်၌ ဒုတိယအကြိမ်အဖြစ် အမျိုးသားလက်ရွေးစင် လမ်းကြမ်းအပြေးအားကစားပြိုင်ပွဲ ကျင်းပ
Jun 28,2025
မန္တလေတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာအုပ်စု၊ ပုပ္ပါးတောင်မကြီးတွင် ဒုတိယအကြိမ်အဖြစ် Myanmar Ultra Trail Running Association (MUTRA)အမျိုးသားလက်ရွေးစင်အဆင့် လမ်းကြမ်းအပြေးအားကစားပြိုင်ပွဲကို ယနေ့နံနက်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စပါးမျိုးစေ့ချစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲနှင့် အောင်နိုင်တိုး စပါးမျိုးစေ့ပေးအပ်ပွဲ ကျင်းပ
Jun 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးမျိုးစေ့ချစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲနှင့် အောင်နိုင်တိုး စပါးမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာရှိ တောင်သူဦးတင်စိုး၏ ကွင်းအမှတ်(၇၀၉)၊ ဦးပိုင် (၁၀)လယ်ယာမြေတွင် ကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် သီးနှံမျိုးစုံ (၃၅၀)ဧက ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေး ရွှေလေးရိုးနှင့် ဘိုဘေးရိုးတွင် သဲနုန်းတူးဖော်ပေး
Jun 28,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေနိုင်ရေး၊ တိမ်ကောနေသည့် မြောင်းများအား သဲနုန်းများတူးပေးခြင်း၊ မြောင်းနံရံများအား ကျောက်ဆလံစီပေးခြင်း၊ ပျက်စီးနေသည့်ရေပေးပြွန်များ၊ ရေကျအဆောက်အအုံများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ သီးနှံမျိုးစုံ (၃၅၀)ဧက ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေး ရွှေလေးရိုးနှင့် ဘိုဘေးရိုးတွင် သဲနုန်းများတူးဖော်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေပြင်သက်ကယ်သဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Jun 28,2025
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ရေပြင်သက်ကယ်ဇတ်တိုက်လေ့ကျင့်ခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာ အင်း၌ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ခါတော်မီသစ်မျိုး အပင်ပေါင်း(၂၀၆၀)ပင်စိုက်ပျိုး
Jun 28,2025
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းစေရန်၊ သစ်တောများပြန်လည်ဖြစ်ထွန်းလာစေရန်နှင့် ရာသီဥတု ပြောင်းလဲမှုကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ သာမိုင်းခမ်းကျေးရွာအနီး၊ မိတ္ထီလာ - တောင်ကြီးကားလမ်း မိုင်တိုင် (၈၄/၁)တွင် ယနေ့ နံနက် ၈ နာရီက မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့၌ ထော်လာဂျီနှင့် ပုဇဉ်းခေါင်းထော်လာဂျီများ နေ့ချင်းပြီး လိုင်စင်များ ဆောင်ရွက်ပေးလျက်ရှိ
Jun 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်မကွက်၊ သာသနာ့ဗိမာန်တွင် ဟင်္သာတခရိုင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက်ပိုင်းမှစ၍ ထော်လာဂျီများနှင့် ပုဇဉ်းခေါင်းထော်လာဂျီများအား နေ့ချင်းပြီး လိုင်စင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနား တက်ရောက်
Jun 28,2025
သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများမပြုန်းတီးစေရေးနှင့် သစ်တောသစ်ပင်များ တိုးပွားရှင်သန်စေရန်နှင့် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မကွေးတက္ကသိုလ်အရှေ့ဘက် အောင်စေတနာရပ်ကွက်တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မကွေးတက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် ဆောက်လုပ်ဆဲ သာသနာ့ဗိမာန်နေရာ၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 28,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ဥယျာဉ် ရပ်ကွက်ရှိ ဆောက်လုပ်ဆဲ သာသနာ့ဗိမာန်အဆောက်အဦနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1231
Page
1232
Page
1233
Page
1234
Current page
1235
Page
1236
Page
1237
Page
1238
Page
1239
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department