ကလော ဇွန် ၂၈
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းစေရန်၊ သစ်တောများပြန်လည်ဖြစ်ထွန်းလာစေရန်နှင့် ရာသီဥတု ပြောင်းလဲမှုကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ သာမိုင်းခမ်းကျေးရွာအနီး၊ မိတ္ထီလာ - တောင်ကြီးကားလမ်း မိုင်တိုင် (၈၄/၁)တွင် ယနေ့ နံနက် ၈ နာရီက မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သူရက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကလောတပ်နယ်မှူး၊ အောင်ပန်းမြို့ အမှတ် (၉၀၃) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမြောက်တပ်မမှူး ဗိုလ်မှူးချုပ်ကျော်စွာထွန်းနှင့် အမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)၊ တပ်မှူးဗိုလ်မှူးချုပ် စောရန်နိုင်တို့က အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များအားလည်းကောင်း ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ပျိုးပင်များ အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သူရ၊ အမှတ်(၉၀၃) အမြောက်စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် အမြောက်တပ်မမှူး၊ အမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင်- ၇၀၀)၊ တပ်မှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ ဦးဆောင်၍ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ကလောတပ်နယ်တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ခါတော်မီ သစ်မျိုး အပင်ပေါင်း (၂၀၆၀) ပင်ကို ပျော်ရွှင်စွာ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကျော်ဝင်း(ကလော)