Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီခွဲက ပျဉ်းမထုံးကျေးရွာစု၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဒက္ခိဏသီရိမြို့နယ် “အလင်းရောင်”စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား တက်ရောက်
Jun 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ပျဉ်ထောင်ကျေးရွာ၌ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် ဆောက်လုပ် သည့် “အလင်းရောင်” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါစာကြည့် တိုက်ရှေ့၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ် တက်သိမ်းကျေးရွာစာကြည့်တိုက်နှင့် ပိုးစာတောကျေးရွာ စာကြည့်တိုက်အဆောက် အအုံသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် တက်သိမ်းကျေးရွာ “အလင်းရောင်” စာကြည့်တိုက်နှင့် ပိုးစာတောကျေးရွာ “ပညာ့အားမာန်” စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ ကျင်းပခဲ့ရာ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် (Olympic Day 2025) လှေလှော်ပြိုင်ပွဲ ကျင်းပ
Jun 29,2025
၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် (Olympic Day 2025) လှေလှော်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်ယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းတို့ တက်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း စိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်(၁၀:၂၀)နာရီက ဖို့မြေရပ်ကွက်၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jun 29,2025
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ သန့်ရှင်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ ဒေါဥခူ ပရိယတ္တိစာသင်တိုက် ပြန်လည်ပြုပြင်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၍ ပြည်နယ်လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆန်/ဆီ ပေးအပ်ပွဲအခမ်းအနား ကျင်းပ…
Jun 28,2025
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆန်/ဆီ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း/ အမှုထမ်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်အဖြေလွှာများ စစ်ဆေးမည့် ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်
Jun 28,2025
၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်အဖြေလွှာများ စစ်ဆေးမည့် ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇွန်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဆရာ/ ဆရာမများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1227
Page
1228
Page
1229
Page
1230
Current page
1231
Page
1232
Page
1233
Page
1234
Page
1235
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department