Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကွမ်းခြံကုန်းမြို့နယ်တွင် ဒေသခံပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး
Jun 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးကျေးရွာအုပ်စု တော်ခရမ်းလေးကျေးရွာမှ ဒေသခံပြည်သူများကို ယမန်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က တောင်ပေါ်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jun 28,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၁ နာရီက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 28,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား/သူ၊ မိဘပြည်သူများအနေဖြင့် ကြိုတင်ခန့်မှန်း၍မရနိုင်သော နေ့၊ ည အချိန်မရွေး လှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့် ငလျင်ဘေးအန္တရာယ်မှ အသက်အန္တရာယ်ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမူရမည့် အသိပညာ၊ ဗဟုသုတများကို လေ့လာသိရှိထားရန် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပညာပေးသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (ဥသျှစ်ပင်)တွင် ကျင်းပခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေဦးတွင် ငလျင်ဘေးရေဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားပြုလုပ်
Jun 28,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေး၊ ရေဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်းနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး သဏ္ဌာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးခရိုင်အတွင်း ရေတင်စီမံကိန်းလုပ်ငန်းများဖြင့် သီးနှံစုံ ၆၅၈၄ ဧက စိုက်ပျိုးသွားမည်
Jun 28,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် သီးနှံစုံ (၆၅၈၄) ဧက လျာထားပြီး ဇွန်လ ၂၂ ရက်နေ့မှစတင်ကာ ရေပေးဝေစိုက်ပျိုးနေပြီဖြစ်ကြောင်း ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တောင်ကြီးမြို့ ရွှေဘုန်းပွင့်အတက်လမ်း တိုးချဲ့ဆောင်ရွက်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်နေမှုကို ကွင်…
Jun 28,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၉) နာရီအချိန်တွင် တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေး၊ လမ်းများပိုမိုကောင်းမွန်လာစေရေးအတွက် တောင်ကြီးမြို့၊ ပြည်ထောင်စုလမ်းမကြီးမှ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးသို့ အတက်လမ်းထောင့်ရှိ လုံခြုံရေးဂိတ် ခြံစည်းရိုးအုတ်တံတိုင်း ကာရံခြင်းလုပ်ငန်းခွင်နှင့် ပြည်နယ်စည်ပင်သာယာရေးဌာနနှင့် စိန်နှင်းဆီကုမ္ပဏီတို့ ပူးပေါင်း၍ လမ်းတိုးချဲ့ပြီး နိုင်လွန်ကတ္တရာခင်းခြင်း ဆောင်ရွက်သည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းများ ရေရှည်ကောင်းမွန်စွာအသုံးပြုနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာကာ စိုးရိမ်ရေမှတ်ရောက်ရှိရန် ငါးပေခန့်အလိုတွင်ရှိနေ
Jun 28,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၆၉ စင်တီမီတာခန့်လိုကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့ အ.ထ.က (၁) ကျောင်း၌ ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Jun 28,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အ.ထ.က (၁) ကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1233
Page
1234
Page
1235
Page
1236
Current page
1237
Page
1238
Page
1239
Page
1240
Page
1241
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department