Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅ ခုနှစ်၊ (တတ…
Jun 28,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅ခုနှစ်၊ (တတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်-မော်တင်ကားလမ်းဘေးရှိ အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရရိပ်သာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ပြည်နယ်အဆင့် သတ္တမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ပျိုးပင်ပေါင်း (၇၀၀)ကျော် စိုက်ပျိုးပေး…
Jun 28,2025
ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် အရိပ်ရလေကာတန်းဖြစ်စေရေးတို့ကို ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ၂၀၂၅ ခုနှစ်၊ ပြည်နယ်အဆင့် အဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲက မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းသွားလမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့၌ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့် ကျော်လွန်ရောက်ရှိ
Jun 28,2025
ဖောင်းပြင်မြို့၌ ချင်းတွင်းမြစ်ရေသည် ယမန်နေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၃၂၅ စင်တီမီတာအထက်သို့ ၃လက်မခန့် ကျော်လွန်ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒတိုင်းထွာရေးစခန်းက တာဝန်ရှိသူထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူ လျာထားဦးရေ ပြည့်မီစွာ တက်ရောက်နိုင်ရေး စည်းရုံးဆွေးနွေး
Jun 28,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က (ရွှေတောင်) ရတနာခန်းမနှင့် အ.ထ.က (သရက်တော) ကျောင်းတို့တွင် ယမန့်နေ့ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူ လျာထားဦးရေ ပြည့်မီစွာ တက်ရောက်နိုင်ရေး စည်းရုံးဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြံခင်းမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 28,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၈နာရီက ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ကြံခင်း-ဆိပ်သာလမ်းဘေးရှိ မြို့လယ်အင်းရွာတွင် (တတိယအကြိမ်မြောက်) မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်
Jun 28,2025
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဇွန် ၂၆ ရက်မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 28,2025
ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိနားလည်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ကောင်းမွန်စေရေး၊ အရိပ်အာဝါသနှင့် မျက်စိပဒါသအကျိုးများ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်သရုပ်ပြ
Jun 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ရှိ လင်းရတနာနှစ်ထပ်ကျောင်းဆောင်၌ ကျင်းပပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1230
Page
1231
Page
1232
Page
1233
Current page
1234
Page
1235
Page
1236
Page
1237
Page
1238
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department