ကြံခင်းမြို့၌ ထော်လာဂျီနှင့် ပုဇဉ်းခေါင်းထော်လာဂျီများ နေ့ချင်းပြီး လိုင်စင်များ ဆောင်ရွက်ပေးလျက်ရှိ

ကြံခင်း ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်မကွက်၊ သာသနာ့ဗိမာန်တွင် ဟင်္သာတခရိုင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက်ပိုင်းမှစ၍ ထော်လာဂျီများနှင့် ပုဇဉ်းခေါင်းထော်လာဂျီများအား နေ့ချင်းပြီး လိုင်စင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ တစ်ကြိမ်တစ်ခါမှ လိုင်စင်မပြုလုပ်ရသေးသော ထော်လာဂျီနှင့် ပုဇန်းခေါင်းထော်လာဂျီများအား ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနနှင့်မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လိုင်စင်မဲ့ထော်လာဂျီများနှင့် ပုဇဉ်းခေါင်းထော်လာဂျီများအား လိုင်စင်အသစ်ပြုပေးလျက်ရှိရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စည်ပင်သာယာရေးအဖွဲ့တို့က အဆင်ပြေစွာဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြသည်။

အဆိုပါ လိုင်စင်ဆောင်ရွက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ရပ်ကွက်/ ကျေးရွာများရှိ ဒေသခံပြည်သူများအဆင်ပြေစွာ ပြုလုပ်နိုင်ရန် ကြိုတင်စာရင်းပြုစုကာ လိုင်စင်မဲ့ ထော်လာဂျီအစီး ၄၀ ကျော်အား ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း၊ မော်တော်ဆိုင်ကယ် သက်တမ်းတိုးခြင်းများကို ဇူလိုင်လ (ပထမ) အပတ်တွင် ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)