Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး တောင်သူပညာပေး ကွင်းဆင်းဆောင်ရွက်
Jun 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် မေလအတွင်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုများအပေါ် ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် အစားထိုးသီးနှံများ အချိန်မီစိုက်ပျိုး၍ သီးထပ်သီးနှံများ စိုက်ပျိုးနိုင်စေရန် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီက ရေပုတ်ကျေးရွာ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jun 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီ က အဆိုပါတောင်ကြီးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ပြုလုပ်ရာ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ရှမ်းပြည်နယ် အားကစားနှင့်ကာယဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းများ ရာခိုင်နှုန်းပြည့် ပြင်ဆင်ပြီးစီး
Jun 29,2025
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာများ၌ ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ယိုင်လဲချို့ယွင်းပျက်စီး၍ ကျေးရွာပေါင်း (၃၂၁) ရွာ ယာယီဓာတ်အားပြန်တောက်မှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် အမြန်ဆုံး ပြန်လည်ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဇွန် ၂၈ ရက်တွင် လျှပ်စစ်ဓာတ်အားလိုင်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲနှင့် ပြည်နယ်ပြေးခုန်ပစ် လက်ရွေးစင်အသင်းအား အေ…
Jun 29,2025
၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချူပ်ဖလား မြို့နယ်အလိုက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲနှင့် ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ရှမ်းပြည်နယ်ကိုယ်စားပြုဝင် ရောက်ယှဥ်ပြိုင်ကြမည့် ပြေးခုန်ပစ် လက်ရွေးစင်အသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 29,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့်မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ လှော်ကားရေဝေရေလဲ ဒေသအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေး အပတ်စဥ် သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 29,2025
မိုးရာသီကာလရောက်ရှိလာပြီဖြစ်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး၊ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရေး၊ ခြင်၊ ယင်များ မခိုအောင်းနိုင်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ဇွန်(၂၈)ရက် နံနက်(၇)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး၌ Popa Jungle Trail Run 2025 ပြိုင်ပွဲကျင်းပ
Jun 29,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်အကွာရှိ ပုပ္ပားတောင်မကြီးပေါ်နှင့်တောင်မကြီးတောင်ဘက်ခြမ်းတွင် Popa Jungle Trail Run 2025 ပြိုင်ပွဲ ကျင်းပခြင်းအား ယမန်နေ့ နံနက် ၅ နာရီမှစတင်၍ ခရီးကြမ်းအပြေးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် (၂၆) နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး အခမ်းအနား ကျင်းပ
Jun 29,2025
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် (၂၆)နှစ်မြောက် နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ သီရိအဏ္ဏဝါခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1226
Page
1227
Page
1228
Page
1229
Current page
1230
Page
1231
Page
1232
Page
1233
Page
1234
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department