ကျောက်ဆည် မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ၄ နာရီက ကျောက်ဆည်ခရိုင်အားကစားကွင်း မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲတွင် ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ် အမျိုးသား ၃ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပခဲ့ရာ ကျောက်ဆည်မြို့နယ်အသင်းမှ အနိုင်ရရှိသွားကြောင်းနှင့် တံခွန်စိုက်ပထမဆု ရရှိခဲ့သည့် ကျောက်ဆည်အသင်းအား ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ငွေသားဆုနှင့် ဆုဒိုင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အမျိုးသမီး ၂ ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကျောက်ဆည်မြို့နယ်အသင်း၊ ဒုတိယဆုရရှိခဲ့သည့် မြစ်သားမြို့နယ်အသင်း၊ အမျိုးသား ၂ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် တံတားဦးမြို့နယ်အသင်း၊ ဒုတိယရရှိခဲ့သည့် စဉ့်ကိုင်မြို့နယ်အသင်း၊ အမျိုးသမီး ၃ ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကျောက်ဆည်မြို့နယ်အသင်း၊ ဒုတိယဆုရရှိခဲ့သည့် မြစ်သားမြို့နယ်အသင်း၊ အမျိုးသား ၃ ယောက်တွဲပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ကျောက်ဆည်မြို့နယ်အသင်း၊ ဒုတိယဆုရရှိခဲ့သည့် စဉ့်ကိုင်မြို့နယ်အသင်းနှင့် အမျိုးသမီးအသင်းလိုက် ဒုတိယဆု ရရှိခဲ့သည့် မြစ်သားမြို့နယ်အသင်း၊ အမျိုးသားအသင်းလိုက် ဒုတိယဆု ရရှိခဲ့သည့် တံတားဦးမြို့နယ်အသင်း၊ အမျိုးသမီးအသင်းလိုက် ပထမဆုရရှိခဲ့သည့် အသင်းများအား ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ငွေသားဆုနှင့် ဆုဒိုင်းများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)