Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်
Jul 04,2025
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းဖြင့် ဖွင့်လှစ်သော ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ငွေဥဒေါင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၂၅ ခုနှစ် “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Jul 04,2025
ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၂၅ ခုနှစ်၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ တက္ကသိုလ်/ကောလိပ်အသီးသီးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးမှ အရပ်ဖက်အမျိုးသမီးအဖွဲ့အစည်းများဖြစ်သည့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအဖွဲ့၊ အမျိုးသမီးများအရေး ဆောင်ရွက်နေကြသော အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်တွင် ကျင်းပ
Jul 04,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးမီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်…
Jul 04,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သဇင်”ငွေစုငွေချေး သမဝါယမအသင်း စုဆောင်းငွေအပေါ်အတိုးနှင့် အစုပေါ်အမြ…
Jul 04,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့တွင်ကျရောက်မည့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သဇင်” ငွေစုငွေချေးသမဝါယမအသင်း စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ ဂရန်အင်းနှင့်တင်ဒါချက်များအား လေလံတင်ရောင်းချ
Jul 04,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် (ပထမ)အကြိမ် တင်ဒါချက်များအား လေလံတင်ရောင်းချခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲကျင်းပ
Jul 04,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက် (စနေ)နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ပူးပေါင်း၍ ညောင်ဖြူကျေးရွာအုပ်စုအတွင်းရှိ အသင်းပိုင်ငါးမွေးမြူရေးကန်ပေါင်များတွင် သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 04,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် (အထက) ရွှေတောင်ရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1163
Page
1164
Page
1165
Page
1166
Current page
1167
Page
1168
Page
1169
Page
1170
Page
1171
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department