အမြို့မြို့အနယ်နယ်သတင်းများ

Jul 04,2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးစက်မှုထွက်ကုန်ဖြစ်သော နှစ်ရှည်ပင်ရော်ဘာဧက နှစ်သောင်းကျော်ရှိပြီး အဆို ပါရော်ဘာပင်များမှ အရည်အသွေးကောင်းမွန်သောရော်ဘာပြားများကို အသေးစားစက်မှုလုပ်ငန်းရှင်များက အရည်အသွေးပြည့်မီစွာရော်ဘာပြားများကို ထုတ် လုပ်ရောင်းချသဖြင့် စီးပွားရေးအဆင်ပြေလျက်ရှိပြီး တရုတ်နိုင်ငံနှင့်  မလေးရှားနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တပ်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development Day)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်စိုပြည်ရေး၊ ကျေးရွာလမ်းဘေးဝဲယာတွင် အရိပ်ရစေရေး၊ ပန်းအလှပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပဆောင်ရွက်သည်။
Jul 04,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြို့နယ်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 04,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပညာရေးဌာနနှင့်ပူးပေါင်းပြီး (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက  မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 04,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက အဆိုပါကျောင်း အလံရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 04,2025
သစ်တောဦးစီးဌာနမှ ‌ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် ယနေ့နံနက် ၈ နာရီက ကျေးသီးမြို့၊ ဝမ်ကန်ရပ်ကွက်ရှိ နောင်ကောစေတီကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။