အမြို့မြို့အနယ်နယ်သတင်းများ

Jul 06,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Jul 06,2025
၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးမှု သရုပ်ပြခြင်း၊ ဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥပ္ပုံကျေးရွာအုပ်စု၊ တောင်သူ ဦးတင်လှ၏ လယ်မြေ (၁၀)ဧကတွင် ဆောင်ရွက်ကြသည်။
Jul 06,2025
“သမဝါယမနည်းလမ်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်ကြပါစို့” ကြွေးကြော်ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ကျရောက်သည့် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ ဒေသတွင်း သမဝါယမအသင်းစုများ၏ ဒေသထုတ် ကုန်ပြခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
Jul 06,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ ၄ ရက်နေ့  နံနက်ပိုင်းက ပွင့်ဖြူမြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
Jul 06,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် အထူးကုကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဇူလိုင်(၂)ရက်နေ့မှ ဇူလိုင်(၄)ရက်နေ့ထိ ဆောင်ရွက်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
Jul 05,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံ၍ ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ခရီးသွားလာ နိုင်ရေးနှင့် ကုန်စည်စည်းဆင်းမှုမြန်ဆန်ရေးတို့အတွက် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများအပေါ် ဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေး ဂိတ်များတွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တရားမဝင် ငွေကြေးကောက်ခံမှုများ မရှိစေရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများ မရှိစေရေး နှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန်လို အပ်ပါကြောင်း၊ ပြည်သူများနှင့်ထိတွေ့ရသည့် လုပ်ငန်းများအပေါ်တွင် နွေးထွေးပျုငှာစွာဖြင့် ဝန်ထမ်းကောင်းစိတ်ဓာတ်ဖြင့် ပြောဆိုဆက်ဆံသွားကြရန် လိုအပ်ကြောင်း  မှာကြားသည်။
Jul 05,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး စာသင်ကျောင်း အခြေပြုသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး ၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း ၊ ခြင်ပေါက်ပွားမှု ကင်းဝေးစေရေး ဆေးမှုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ကပွင့်ဖြူမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်း(၅)ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 05,2025
စ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့်ပြည်သူများအား  ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိူင် ၅ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့် ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ မြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ ၂၁၂၅၀ နှင့် ဝန်ထမ်း/မှီခို ၆၀၀၇ ဦးစုစုပေါင်း ၂၇၂၅၇ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁,၄၉၀,၃၄၈,၁၀၀ (ကျပ်သိန်းပေါင်း တစ်သောင်း လေးထောင်ကိုးရာ သုံးသိန်းလေးသောင်း ရှစ်ထောင်တစ်ရာ) ကို  ပေးအပ်သည်။