Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာစည်မြို့မဈေးကြီးရှေ့၌ အခြေခံစားသောက်ကုန်များအား အပတ်စဉ်သောကြာနေ့တိုင်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Jul 04,2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ပြည်သူများ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိရေးအတွက် ဧပြီ ၁၁ ရက်က စတင်၍ အပတ်စဉ်သောကြာနေ့တိုင်း ပြည်သူ့သက်သာဈေး ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကိုကိုကျော်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပ
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူဦးဌေးအောင်၏ လယ်မြေတွင် ယနေ့နံနက်ပိုင်း၌ စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်သော ၂၀၂၅ ခုနှစ် မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များနှင့် လက်လီဆီအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့…
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မဈေးကြီးအတွင်း ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များ၊ ဆေးဆိုင်များနှင့် လက်လီအရောင်းဆီဆိုင်များအား ယနေ့နံနက်ပိုင်းက မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လက်ရက်ကန်း (၆) လသင်တန်း ဖွင့်ပွဲ၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေး…
Jul 04,2025
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (စစ်တွေ)မှ ဖွင့်လှစ်သည့် လက်ရက်ကန်း (၆) လ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့၌ Mobile Library Bus ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့်၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများစာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာန သူနာပြုသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၁၀၃ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေတ္တာမွန် ငွေစုငွေချေး သမဝါယမအသင်း စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ် ငွေများပေးအပ်…
Jul 04,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ၁၀၃ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေတ္တာမွန်ငွေစုငွေချေးသမဝါယမအသင်း စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီ မြို့နယ်ပညာရေးဝန်ထမ်းမိသားစု ၂၁၁ ဦးအား Pfizer ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jul 04,2025
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ မြို့နယ်ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံး၊ အထကဝါးတော၊ အထက(ခွဲ) ရေပူ၊ စောနေစိုးမြ(မူလွန်)ကျောင်းတို့၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင် (Community Centre)ခန်းမတွင် လူငယ်ရေးရာဟောပြောပွဲနှင့် ပြပွဲများပြုလုပ်
Jul 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေချစ်မြတ်နိုးလာစေရန်၊ စာဖတ်ရှိန်မြှင့်မားစေရေးနှင့် အသိပညာဗဟုသုတပြည့်စုံစေရေးအတွက် လူငယ်ရေးရာဟောပြောပွဲနှင့် ပြပွဲများကိုမန်နေ့မွန်းလွဲ (၁း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1166
Page
1167
Page
1168
Page
1169
Current page
1170
Page
1171
Page
1172
Page
1173
Page
1174
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department