အမြို့မြို့အနယ်နယ်သတင်းများ

Apr 05,2023
ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက  ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
Apr 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ​ကိုဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာအုပ်စု၊ အကြီးဝကျေးရွာ ပညာဒီပဘုန်းတော်ကြီးပညာသင်ကျောင်းဆရာတော်မှ ဦးဆောင်ဖွင့်လှစ်လျက်ရှိသော စက်ချုပ်သင်တန်းတွင် ယနေ့နေ့လယ်ပိုင်းအချိန်က အဆိုပါပညာဒီပဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ပြုလုပ်သည်။
Apr 05,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်ရေးကဏ္ဍာ ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၉၀ ဒဿမ ၁၂၅ သန်းဖြင့် ဆောင်ရွက်သည့် ကျရီ-ဒဂေါ်ကျေးရွာ ကျေးရွာအဝင် လမ်းပေါ်တွင် ၄၀ ပေ ကွန်ကရစ်တံတားတည်ဆောက်ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် ဒေသခံတိုင်းရင်းသားများ၏ ကချင်ရိုးရာဓလေ့  ဆုတောင်းပွဲအခမ်းအနားကို ဧပြီလ ၅ ရက် နံနက် ၉ နာရီခန့်တွင် ကျင်းပခဲ့ ကြောင်းသိရသည်။
Apr 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က   အဆိုပါ သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Apr 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲအခမ်းနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
Apr 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဖျာပုံမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများအား ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဧပြီလ ၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အဝင်ရှိ ‌ရသေ့တောင်ပေါ်တွင် “လွယ်ကော်စုမ့်မိန်း ဗုဒ္ဓစေတီတော်” ထီးတင်နိုင်ရေး အစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီ အချိန်ခန့်ကဆောင်ခဲ့သည်။