ဇေယျာသီရိမြို့နယ်၌ အမျိုးသမီး မျိုးပွားအင်္ဂါများဆိုင်ရာ ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇေယျာသီရိ ဧပြီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နှင့် ဇေယျာသီရိမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အမျိုးသမီး မျိုးပွားအင်္ဂါများဆိုင်ရာ ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာ(တောင်) ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပခဲ့သည်။

အဆိုပါ‌ ဟောပြောပွဲကို သားဆက်ခြားနည်းလမ်းအမျိုးမျိုး၏ အကျိုးအကြောင်း၊ အဆင်မပြေသေးသောအချိန်တွင် မလိုချင်သော သားသမီးများမရအောင် မိမိတို့စိတ်တိုင်းကျ ရွေးချယ်သုံးစွဲခြင်းဖြင့် သာယာလှပသော မိသားစုဘဝ၊ လူမှုဘဝများ ထူထောင်နိုင်ပြီး တစ်ကိုယ်ရည်မိခင်ဘဝ၊ ရင်ခွင်မဲ့က လေးဘဝများ မရောက်ရအောင် ရည်ရွယ်၍ ဟောပြောခြင်းဖြစ်ရာ ဟောပြောပွဲသို့ ဇေယျာသီရိခရိုင်၊ မိခင်နှင့်ကလေး‌စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးချိုချိုနှင့် အဖွဲ့ဝင်များ၊ ဇေယျာသီရိ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ချမ်းမြေ့ဦးနှင့် အဖွဲ့ဝင်များ တက် ရောက်ခဲ့ပြီး ကျွန်းရောင်းကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနမှ သူနာပြုဆရာမ ဒေါ်သူဇာဌေးက ကူးစက်ရောဂါများအကြောင်း၊ မျိုးဆက်ပွားကျန်းမာရေးအကြောင်း၊ ပျိုရွယ်သူမျိုးဆက်ပွား ကျန်းမာ ရေးနှင့် မျိုးပွားအင်္ဂါအကြောင်းသိ‌ကောင်းစရာ၊ ရင်သားကင်ဆာအကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့ပြီး ဒေါ်အေးချိုချိုနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလျှင်  ထောက်ပံ့ငွေ တစ်သောင်းကျပ်၊ ကြက်ဥ ၁၀ လုံးနှင့် အာဟာရပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)