Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုဗ္ဗသီရိမြို့၌ ရဟန်း၊ သံဃာတော်အပါး ၂၂၀ အား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး
May 30,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ရဟန်း၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက အောင်စည်သာပရိယတ္တိစာသင်တိုက်နှင့် ထူးကြီးပရိယတ္တိစာသင်တိုက်တို့၌ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ထရန်စဖော်မာများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး ဖြန့်ဖြူးပေးနိုင်တော့မည်
May 30,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရန်နှင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ပွင့်ဖြူမြို့၌ ယခင်တပ်ဆင်ထားရှိသော ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ထရန်စဖော်မာနေရာတွင် ၂၀ အမ်ဗွီအေ ထရန်စဖော်မာနှင့် ပြောင်းလဲအစားထိုးတပ်ဆင်၍ ဓာတ်အားလိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး ဖြန့်ဖြူးပေးနိုင် တော့မည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ကျင်းပသည့် ဂျူတီကုတ်/ ဦးဆောင်းအပ်နှင်းပွဲနှင့် မောင်မယ်…
May 30,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ကျင်းပသည့် အပတ်စဥ် (၂၈)သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်/ ဦးဆောင်းအပ်နှင်းပွဲနှင့် အပတ်စဉ်(၂၉)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစု ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်
May 30,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
May 30,2023
၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်အတွက် ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ ၁၃ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း တက်ရောက်အားပေးပြီ
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပေးအပ်
May 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ ပန်းခင်း(၂)စီမံချက်ဖြင့် မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများမှ ကြည့်ရှုအားပေး…
May 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပန်းခင်း(၂)စီမံချက်ဖြင့် မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးနေမှုအား ယမန်နေ့နံနက် (၁၀း၀၀)နာရီ အချိန်တွင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦး ဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်ပင်များစိုက်ပျိုးခြင့်ဖြင့် ဒေသတွင်းအပူချိန်လျော့ကျလာစေရန် သစ်တောသစ်ပင်ပြုန်းတီးမှုမဖြစ် ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို မေလ ၃၀ ရက်နေ့ နံနက် (၁၀) နာရီအချိန်ကကျိုက်ပိကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာ၊ ကျေးရွာပိုင်မြေပေါ်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11297
Page
11298
Page
11299
Page
11300
Current page
11301
Page
11302
Page
11303
Page
11304
Page
11305
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department