Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်သာမြို့၌ ၂၀၂၃-ခုနှစ် မိုးရာသီအကြို လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
May 29,2023
သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁၀)အထည်စက်ရုံ (တောင်သာ)တို့ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၏ ၂၀၂၃-ခုနှစ်၊ မိုးရာသီ အကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၁၀) အထည်စက်ရုံဝန်းအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့အမှတ်(၂)ရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 29,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့ အမှတ်(၂)ရပ်ကွက်အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၏ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်
May 29,2023
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ/သင်တန်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 29,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံက်(၉:၀၀)နာရီအချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
May 29,2023
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်၏တန်ဖိုးကို အလေးထားနားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကိုဖော်ဆောင်ပေးရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရှိစေရန်၊ ရာသီဥတုကောင်းမွန်မျှတ၍ အပူဒဏ်ကာကွယ်ရန်ရည်ရွယ် ၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈နာရီက ကော့သောင်းမြို့ ရွှေပြည်စိုးကျေးရွာ၊ ခုနစ်မိုင် ဂေါက်ကလပ်ကွင်းတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ စစ်ဗျူ ဟာမှူးစစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်း၊ကော့သောင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ NGO အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ရပ်/ကျေးပြည်သူများတက်ရောက်စိုက်ပျိုးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဌာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ
May 29,2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ အတည်ပြုပြီးဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ၏၂၀၂၃-၂၀၂၄ ဘဏ္ဌာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေ ၂၉ ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့၌ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း ဖွင့်လှစ်ပို့ချ
May 29,2023
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့ ရတနဃရသာသနဗိမာန်တော်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့ နံနက် ၉နာရီက ငါန်းဇွန် မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် အခြေခံဗုဒ္ဓ ဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲ အခမ်း အနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးအပ်
May 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်တောင်သူများအား စျေးကွက်ဝင်၍ အရည်အသွေး ကောင်းမွန်သော ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ စဥ်ဆက်မပြတ် ထုတ်လုပ်ပြန့်ပွားနိုင်ရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား (RS) မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် (၉)နာရီ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11301
Page
11302
Page
11303
Page
11304
Current page
11305
Page
11306
Page
11307
Page
11308
Page
11309
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department