အမြို့မြို့အနယ်နယ်သတင်းများ

May 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့၊ နံနက် ၉ နာရီက ဝေါမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ သီရိဇေယျာခန်းမတွင် ကျင်းပကြောင်း သိရသည်။
May 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နွေရာသီမှာရင်ဆိုင်ရမည့် ကျန်းမာရေးပြဿနာများအကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်သည်။
May 30,2023
မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဒေသအတွင်းကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ပျက်စီးနေသည့်လမ်းများ၊ လမ်းတာဘောင်များ၊ တံတားများနှင့် ရေပြွန်များအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း ရေရှည်ခိုင်မြဲရေး လမ်းတာဘောင်များအား တောင်ကျရေတိုက်စွာမှုမှ ကာကွယ်စေရန်အတွက် ကျောက်ရိုးစီ ရေတားတုံး(၄)နေရာ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
May 30,2023
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာစီမံကိန်းအတွက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ဥပဒေရေးရာလုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာဆပ်ကော်မတီအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
May 30,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ပန်းတင်) မင်းခေါင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
May 30,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 30,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၉:၃၀)နာရီအချိန်က ပွဲတက်လက်ကိုင်ပိုက်ဆံအိတ်ပြုလုပ်နည်း သင်တန်းကို လူထုအခြေပြုဗဟိုဌာန (Communuty Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
May 30,2023
၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် (အမျိူသား) ဘောလုံးပြိုင်ပွဲကျင်းပရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉:၃၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။